Monday, 3 August 2020

7 Secrets to Building Self Discipline

SMART GOALS ချမှတ်နည်း🍀🍀

ပန်းတိုင်ချမှတ်တယ်ဆိုတာ ဘဝမှာ ကိုယ်ဘယ်ကိုဦးတည်သွားမလဲလို့ဆုံးဖြတ်တာဖြစ်တယ်။

ပထမဆုံး ပန်းတိုင်ကိုရောက်ဖို့ လိုအပ်တဲ့အဆင့်လေးတွေကို ရှာပြီးချရေးမယ်။ 
နောက်တစ်နှစ်မှာ ကိုယ်ဘယ်အဆင့်မှာရောက်ချင်လဲ။
နောက်ထပ်ငါးနှစ်ဆို ကိုယ်ဘယ်နားရောက်ချင်လဲ။
အဲ့အခြေအနေကိုရောက်ဖို့ ကိုယ့်မှာ ဘာexperience တွေလိုအပ်လဲ။
 ကိုယ့်ရဲ့စွမ်းရည်နဲ့စိတ်ဝင်စားမှုထဲက ဘယ်ဟာကို သုံးရမလဲလို့ စဥ်းစားထားမယ်။

SMART Goals

Specific —တိကျရမယ်🌸🌸
 
တိကျပြတ်သားတဲ့ ဦးတည်ချက်ထားရမယ်

ဥပမာ 
အလုပ်လျှောက်လွှာတွေတင်မယ် ဆိုတဲ့goalအစား အလုပ်လျှောက်လွှာ၁၀ ခုတင်မယ် ဆိုပြီး တိကျတဲ့ goal ချမှတ်မယ်။
 
Measurable — တိုင်းတာနိုင်ရမယ်🌸🌸

ကိုယ့် ကြိုးပမ်းမှု၊ တိုးတက်မှုကိုတိုင်းတာနိုင်ရမယ်။
ကိုယ့်ကိုယ်ကိုမေးခွန်းတွေမေးရမယ် 
ကိုယ့် goal ပြီးမြောက်ပြီဆိုတာဘယ်လိုသိနိုင်မလဲ
ဘယ်လောက်အတိုင်းအတာထိအောင်မြင်ပြီလဲဆိုတာ မြင်သာစေမယ့် မေးခွန်းတွေထုတ်ရမယ်။

ဥပမာ
 ကိုယ့်ပန်းတိုင်မှာ လုပ်ဆောင်ချက် တစ်ခုပြီးဖို့ဘယ်လောက်ကြာမလဲ။ ငွေဘယ်လောက်ကုန်မလဲ ။
လူဘယ်နှစ်ယောက်နဲ့ ဆက်သွယ်ရမလဲ စတဲ့မေးခွန်းတွေမေးမယ်။

Attainable — ရယူနိုင်ရမယ်🌸🌸
 
ကိုယ့်ပန်းတိုင်က ရယူနိုင်ဖို့ ဖြစ်နိုင်ချေရှိရမယ်။
ဒါပေမယ့်ကိုယ့်အတွက်စိန်ခေါ်မှုတွေများသင့်တယ်။
 အဆင့်တစ်ဆင့်ချင်းစီကို ရှင်းရှင်းလင်းလင်း ရေး ပြီးအချိန်လုံလုံလောက်လောက်ပေးမယ်ဆိုရင် ကိုယ့်ပန်းတိုင်ကို ရောက်ရှိနိုင်မှာဖြစ်တယ်။ 

ကိုယ့်ပန်းတိုင်ကိုရောက်ဖို့ ဘယ်လိုအစီအစဥ်တွေချထားလဲ။
 ဘယ်အဆင့်တွေကိုကျော်ဖြတ်ရမလဲ။
ကိုယ့်လက်ရှိအခြေအနေကနေ ရောက်ဖို့ဖြစ်နိုင်တဲ့ goal ဟုတ်လား။စတာတွေကိုမေးရမယ်။

Relevant —ဆီလျော်ရမယ်🌸🌸

ကိုယ့်နဲ့အကြောင်းအကျိုးသက်ဆိုင်ဆီလျော် တဲ့ goal ဖြစ်ရမယ်။

ကိုယ့်စွမ်းအင်တွေသုံးဖို့တန်လား။
 အချိန်ကောင်းဟုတ်လား။
ကိုယ့်ရဲ့ အနာဂတ်plan တွေဘဝရည်မှန်းချက်တွေနဲ့ ဆက်စပ်လား ဆိုတာတွေမေးမယ်။

Timely - အချိန်မှီ ပြီးမြောက်နိုင်ရမယ်🌸🌸
 
ကိုယ့် goal ရောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ ဆိုတာရှင်းရှင်းလင်းလင်းသိထားရမယ်။
ဒီလိုလုပ်ခြင်းအားဖြင့်ကိုယ့်goalပေါ်မှာအာရုံ ထားနိုင်မယ်။

ကိုယ့်goal ရောက်ဖို့ဘယ်ချိန်စလုပ်မလဲ။
တစ်ဆင့်ချင်းစီကိုဘယ်အချိန်မှာ ပြီးမြောက်အောင်လုပ်မလဲ လို့မေးမယ်။

👉 SMART goal ကိုရောက်ရှိရန်အတွက် tips များ👈

စာရင်းပြုစုပါ👈

ပန်းတိုင်ကိုချရေးပါ။
ပြီးရင်အဲဒီကိုရောက်ဖို့အဆင့်တွေကိုချရေးပါ။
 အဲ့ဒါကအဆင့်တစ်ခုစီကိုမှတ်မိစေပြီးတော့ပြီးမြောက်စေဖို့ကူညီပေးလိမ့်မည်။
စာရင်းကိုမြင်မည့်နေရာတွင်ထားပါ။

Deadlineသတ်မှတ်ပါ👈

သင့်ရဲ့ပန်းတိုင်တွေကိုပြီးအောင်လုပ်ဖို့ date သတ်မှတ်ထားပါ။
အဆင့်တစ်ခုစီအတွက်နောက်ဆုံးရက်သတ်မှတ်ပါ။ အဆင့်တစ်ခုစီပြီးဆုံးသည့်နေ့ရက်ကိုချရေးပါ။

သင့်ကိုယ်သင်ဆုချပါ👈

ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိနိုင်ဖို့ကခက်ခဲပါတယ်။ 
ကိုယ့်goalရောက်ဖို့လှမ်းတဲ့ခြေလှမ်းတိုင်းအတွက််အကျိုးကျေးဇူးများကိုစဉ်းစားပါ။ 
ဆုလာဘ်တွေကသင့်ကိုလှုံ့ဆော်မှုဖြစ်စေပါတယ်။

ရည်မှန်းချက်ပါတနာတစ်ယောက်ထားပါ👈

သင့်ကိုကူညီဖို့တစ်ယောက်ယောက်ကိုရှာပါ။
သူသည်သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်နည်းပြသို့မဟုတ်အခြားသူတစ် ဦး မည်သူမဆို ဖြစ်နိုင်ပါတယ်။
သင်၏ရည်မှန်းချက်ပန်းတိုင်များကိုအတူတကွဆွေးနွေးပါ။
အဆင့်တစ်ခုစီပြီးဆုံးသွားလျှင်တွေ့ဆုံပါ။

No comments:

Post a Comment

Best App to learn Chinese

✨4 Reasons Why you should learn Mandarin ✨ (၁)တရုတ်ဘာသာစကားကကမ္ဘာပေါ်မှာအပြောများဆုံးဘာသာစကားဖြစ်ပါတယ် infoplease.com အရ ကမ္ဘာ့လူဦးရေရဲ့ 1...