Monday, 10 August 2020

How To Use Duolingo

Unicode

သင်ဟာဘာသာစကားတွေကိုလေ့လာနေတဲ့သူတစ်ယောက်ဆိုရင် Duolingo Applicationကိုသုံးကြည့်ပါ

Covidကာလမှာအချိန်ကိုအကျိုးရှိရှိအသုံးချဖို့ဆိုရင် ဘာသာစကားတစ်ခုခုကိုလေ့လာနေဖို့လိုပါတယ် ဒါကြောင့် Self-study လုပ်ဖို့ကောင်းတဲ့ Applicationလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒါဆို Duolingoကိုဘယ်လိုဖွဲ့စည်းထားလဲဆိုတာ
ဆက်ပြောပြပေးပါမယ်။💁
Duolingoက ဘာသာစကားတွေကိုလေ့လာရတဲ့
Applicationတစ်ခုပါ  ဘာသာစကားအမျိုးအစားပေါင်း 38မျိုးပါဝင်ပြီး အသုံးပြုသူပေါင်း 300M ရှိတယ်လို့Googleအရသိရှိရပါတယ်။

Duolingoမှာ အဆင့်(10)ခုရှိပါတယ်။
Bronze,Silver,Gold,Sapphire,Ruby,Emerald,

AmethystPearl,Obsidian and Diamondပါ။

ကိုယ်လေ့လာရင်လေ့လာသလောက်အဆင့်တွေတိုးသွားမှာပါ။ ပြီးတော့ ဝေါဟာရတွေကို ပုံလေးတွေနဲ့လေ့လာရပါတယ်။ Level တစ်ခုမှာ ဝေါဟာရသုံးခုလောက်ကို ပုံစံအမျိုးအမျိုးနဲ့ သုံးပြထားလို့မေ့မှာစိုးရိမ်စရာမလိုပါဘူး 😎စာလုံးလေးတွေကိုလည်းအသံလေးတွေနဲ့လေ့လာလို့ရပါသေးတယ်။စာလုံးတွေကိုအသံထွက်ပြီးတော့လည်းလေ့ကျင့်ရလို့ ကိုယ့်ရဲ့အသံထွက် မှန် မမှန် စိတ်ပူစရာမလို
တော့ပါဘူး..............

ဘာသာစကားနှစ်ခု သုံးခုတစ်ပြိုင်တည်းလေ့လာလို့ရပြီး Daily Goalသတ်မှတ်လို့ရပါတယ်။🏆🏆ပြီးတော့ ကိုယ်လေ့လာတဲ့ရက်တွေကိုရေတွက်ပေးတဲ့မီး🔥လေးလည်းပါ ပါတယ် တစ်ရက်ပျက်ကွက်ခဲ့ရင် အရှေ့ကလေ့လာခဲ့သမျှမီး🔥လေးတွေအကုန်ပြောင်သွားမှာပါ နှမြောစရာကြီးနော့်ဒါကြောင့်နေ့တိုင်းလေ့ကျင့်ပါ။

နေ့တစ်နေ့မှာအသဲလေး❤️ငါးခုပေးထားပါတယ်တစ်လုံးမှားရင်တစ်ခုလျှော့မှာပါ အကုန်လုံးကုန်သွားရင် ဆက်လေ့လာလို့မရတော့ပါဘူး။ဒါပေမယ့်အသဲလေးတွေကုန်သွားရင် အမှတ်နဲ့ ပြန်လေ့လာလို့ရပါတယ်။အမှတ်တွေများနေဖို့တော့လိုတာပေါ့

✨အမှတ်တွေဘယ်လိုများအောင်လုပ်မလဲဆို‌တာအလွယ်ဆုံးနည်းပြောပြပေးပါ့မယ် တသ်ယောက်နဲ့တစ်ယောက် Followလုပ်တာပါ။တစ်ပတ်အတွက်Free plusရချင်ရင်တော့ သူငယ်ချင်းသုံးယောက်ကိုFollowလုပ်လို့ရပါမယ်။ဒါကြောင့် ကိုယ့်ရဲ့သူငယ်ချင်း‌တွေကို ဒီApplicationလေးကအရမ်း
အသုံးဝင်ကြောင်းမျှဝေပေးပြီး တစ်ယောက်နဲ့
တစ်ယောက် Followလုပ်ထားရင်းလေ့လာကြပါ။✨

Websiteကနေလည်းလေ့လာလို့ရပြီး ios ရော
Android ရောအသုံးပြုလို့ရပါတယ်။❤️


Zawgyi














Bronze,Silver,Gold,Sapphire,Ruby, Emerald,Amethyst,



































No comments:

Post a Comment

Best App to learn Chinese

✨4 Reasons Why you should learn Mandarin ✨ (၁)တရုတ်ဘာသာစကားကကမ္ဘာပေါ်မှာအပြောများဆုံးဘာသာစကားဖြစ်ပါတယ် infoplease.com အရ ကမ္ဘာ့လူဦးရေရဲ့ 1...