Saturday, 25 July 2020

Interesting facts about Dreams

Unicode
အခုတစ်ခါမှာတော့လူတော်တော်များများမက်လေ့ရှိတဲ့အိပ်မက်တွေရဲ့
အဓိပ္ပာယ်အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အိပ်မက်တော်တော်များများက အိပ်နေစဉ်အတွင်း ကိုယ်တိုင်ဖန်တီးယူထားတဲ့စိတ်ကူးယဉ်ဇာတ်လမ်းတွေပဲဖြစ်ပါတယ်။  အိပ်မက်တွေဟာတိကျထူးခြားတဲ့ အဓိပ္ပာယ်ရှိတယ်လို့
သိပ္ပံနည်းတွေအရ အထောက်အထားတွေမရှိသေးပေမယ့်လည်း ကိုယ်,ကိုယ်တိုင်သတိပြုမိအောင်၊ နေ့စဉ်ဘဝမှာ ဘယ်အရာတွေက အနှောင့်အယှက်ဖြစ်စေလဲဆိုတာကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကလေ့လာနေခဲ့ကြတာပဲဖြစ်ပါတယ်။
အိပ်မက်အထူးကု  
ရဲ့အဆိုအရ အိပ်မက်တွေက တစ်ကမ္ဘာလုံးသုံးဆိုင်ရာဘာသာစကားတစ်ခုဖြစ်ပြီးတော့ စိတ်ခံစားမှုဆိုင်ရာအယူအဆတွေကနေတစ်ဆင့် ရှုပ်ထွေးလှတဲ့
ပုံရိပ်တွေကိုဖန်တီးထားတာဖြစ်ပါတယ်တဲ့။

လူတော်တော်များများမက်လေ့ရှိတဲ့အိပ်မက်(၇)ခုကတော့-

၁။ တစ်နေရာရာ၌ လမ်းပျောက်နေခြင်း (သို့) ပိတ်မိနေခြင်း
 
ဘဝမှာ လက်ရှိအခြေအနေကနေ ဘယ်ကိုရှေ့ဆက်လျှောက်ရမှန်းမသိတဲ့အချိန်၊လမ်းပျောက်နေတဲ့အချိန်မှာ ထိုအိပ်မက်မျိုး မက်လေ့ရှိပါတယ်။တောအုပ်လိုမျိုးနေရာမှာ မျက်စိလည်လမ်းပျောက်နေတာမျိုးတွေ၊ ဝင်္ကပါလိုအဆောက်အအုံကြီးထဲမှာ တစ်ယောက်ထဲ ပိတ်မိနေတာမျိုးတွေ မက်တာတွေက တကယ့်လက်တွေ့ဘဝမှာ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ၊ငွေကြေးပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး စိတ်ပူပန်နေတဲ့သူတွေပဲဖြစ်ပါတယ်။

၂။လွဲချော်မှုများဖြစ်ခြင်း

အိပ်မက်ထဲမှာ ဘတ်စ်ကားတို့၊ရထားတို့၊လေယာဉ်ပျံတို့ကို စက္ကန့်ပိုင်းလေးတင် လွဲသွားတာမျိုးဖြစ်ဖူးကြမယ်ထင်ပါတယ်။ တချို့ကျတော့လဲ အရေးကြီးတဲ့ပွဲတွေ၊ အင်တာဗျူးတွေနောက်ကျသွားတာမျိုးမက်တတ်ကြပါတယ်။ တကယ့်လက်တွေ့ဘဝမှာ ကိုယ်လိုချင်တာမရလိုက်တာမျိုး၊တစ်ခုခုကိုနောင်တရသွားတာမျိုး၊အလုပ်လုပ်တဲ့အခါမှာချွတ်ယွင်းမှုတွေဖြစ်တဲ့အချိန်မှာ အိပ်မက်အနေနဲ့စိတ်စွဲပြီးမက်လေ့ရှိပါတယ်။

၃။ကား ပြဿနာများဖြစ်ပွားခြင်း

အိပ်မက်ထဲမှာကားဘီးပေါက်တာတို့၊ဘရိတ်
ပေါက်တာတို့၊ တာယာပြားသွားတာမျိုးတွေ၊ ရုတ်တရက်ကားတိုက်ခံရတာမျိုးတွေဖြစ်ဖူးကြတယ်လို့ လူတော်တော်များများပြောတာကိုလဲကြားဖူးပါတယ်။
တစ်ခုခုကိုထိန်းချုပ်ဖို့ခက်ခဲတဲ့သူတွေက အဲ့လိုမျိုးအိပ်မက်ကိုပိုပြီးမက်လေ့ရှိပါတယ်တဲ့။ 

၄။စာမေးပွဲကျခြင်း

ဒါကတော့လူငယ်တော်တော်များများမက်လေ့မက်ထရှိကြတဲ့အိပ်မက်မျိုးပေါ့နော် 
စာမေးပွဲခန်းကိုရှာမတွေ့တာ၊ဘာစာမှမလုပ်ဘဲသွားဖြေတာ၊စာမေးပွဲဖြေဖို့ပစ္စည်းတွေကျန်ခဲ့တာတို့မက်တာက အပြင်မှာ တစ်ခုခုကိုစိတ်ပူပန်လွန်းနေတာကြောင့်မက်တာဖြစ်ပါတယ်။

၅။အနောက်မှလိုက်ဖမ်းခံရခြင်း

ဒီအိပ်မက်ကိုလဲ ဘဝမှာအရမ်း
စိုးရိမ်တတ်တဲ့သူတွေပိုမက်လေ့ရှိကြပါတယ်။  လူ၊တိရစ္ဆာန် ဒါမှမဟုတ် မသဲကွဲတဲ့အရာတစ်ခုကအနောက်ကနေပြေးလိုက်လာနေတယ်လို့မက်တဲ့သူတွေက ဘဝမှာပြဿနာတွေကနေရုန်းထွက်နေကြတဲ့သူတွေ ပြဿနာကို ရင်မဆိုင်နိုင်တဲ့သူတွေကစိတ်စွဲပြီးအိပ်မက်ထဲမှာပါအနောက်ကနေလိုက်နေတာမျိုးမက်ကြတာပါ။

၆။သွားများယိုယွင်းပျက်စီးခြင်း

အိပ်မက်ထဲမှာသွားကျိုးတာမျိုး၊သွားတွေကျွတ်ကျသွားတာမျိုး၊သွားတွေမရှိတော့တာမျိုး မက်ဖူးပါသလား?
သင်က သင့်ရဲ့ဘဝမှာ တစ်ခုခုကိုစိတ်မလုံတာ ဥပမာ-ကျောင်း၊အလုပ်နေရာ၊ချစ်သူရည်းစားကြားမှာ ကိုယ့်,ကိုယ်ကို မတော်ဘူး၊မလှဘူးအဲ့လိုသိမ်ငယ်မှုတွေကိုစွဲပြီး မက်ကြတာဖြစ်ပြီး အခြားသူတွေရဲ့လှောင်ပြောင်တာတွေကိုမခံစားနိုင်တဲ့သူတွေကလဲ ဒီလိုအိပ်မက်မျိုးမက်တတ်ကြပါတယ်။

၇။ပြုတ်ကျခြင်း(သို့) နစ်မြုပ်ခြင်း

မြင့်လွန်းတဲ့အဆောက်အအုံကနေပြုတ်ကျတာ၊သမုဒ္ဒရာတွေထဲရေနစ်နေတာကိုမက်တဲ့သူတွေက  ကိုယ့်ကိုကိုယ်အကူညီမဲ့တယ်လို့ ခံစားရတဲ့အချိန်မှာမက်တတ်ကြပါတယ်။လူတော်တော်များများကအဲ့လိုမက်တာဟာ အသက်အန္တရာယ်ကျရောက်တော့မယ်ဆိုပြီးအယူအဆမှားတတ်ကြပါတယ်။ တကယ့်တကယ်အဲ့အိပ်မက်ရဲ့အဓိပ္ပာယ်က သင်ကဘဝမှာကျဆုံးမှာကို ကြောက်ရွံ့နေတတ်သူလဲဖြစ်ပါတယ်တဲ့။ဒါကြောင့်မို့ ဘဝမှာ ကျဆုံးမှုကိုတွေးတောမနေဘဲ ရဲရဲဝံ့ဝံ့လုပ်ဖို့သာအရေးကြီးပါတယ်နော်။

သင်ရောဘယ်အမျိုးအစားထဲမှာပါလဲဆိုတာဆန်းစစ်ကြည့်ပါနော့်😍

By Oliva
-Psycho2Go

#HarrietEmma 's #harriet #emma #dream #human #knowledge #blog

Zawgyi
အခုတစ္ခါမွာေတာ့လူေတာ္ေတာ္မ်ားမ်ားမက္ေလ့ရွိတဲ့အိပ္မက္ေတြရဲ႕
အဓိပၸာယ္အေၾကာင္းကိုေျပာျပသြားမွာျဖစ္ပါတယ္။

ပထမဆုံးအေနနဲ႕ အိပ္မက္ေတာ္ေတာ္မ်ားမ်ားက အိပ္ေနစဥ္အတြင္း ကိုယ္တိုင္ဖန္တီးယူထားတဲ့စိတ္ကူးယဥ္ဇာတ္လမ္းေတြပဲျဖစ္ပါတယ္။  အိပ္မက္ေတြဟာတိက်ထဴးျခားတဲ့ အဓိပၸာယ္ရွိတယ္လို႔
သိပၸံနည္းေတြအရ အေထာက္အထားေတြမရွိေသးေပမယ့္လည္း ကိုယ္,ကိုယ္တိုင္သတိျပဳမိေအာင္၊ ေန႕စဥ္ဘဝမွာ ဘယ္အရာေတြက အႏွောင့္အယွက္ျဖစ္ေစလဲဆိုတာကို လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာထဲကေလ့လာေနခဲ့ၾကတာပဲျဖစ္ပါတယ္။
အိပ္မက္အထူးကု  
ရဲ႕အဆိုအရ အိပ္မက္ေတြက တစ္ကမၻာလုံးသုံးဆိုင္ရာဘာသာစကားတစ္ခုျဖစ္ၿပီးေတာ့ စိတ္ခံစားမႈဆိုင္ရာအယူအဆေတြကေနတစ္ဆင့္ ရႈပ္ေထြးလွတဲ့
ပုံရိပ္ေတြကိုဖန္တီးထားတာျဖစ္ပါတယ္တဲ့။

လူေတာ္ေတာ္မ်ားမ်ားမက္ေလ့ရွိတဲ့အိပ္မက္(၇)ခုကေတာ့-

၁။ တစ္ေနရာရာ၌ လမ္းေပ်ာက္ေနျခင္း (သို႔) ပိတ္မိေနျခင္း
 
ဘဝမွာ လက္ရွိအေျခအေနကေန ဘယ္ကိုေရွ႕ဆက္ေလွ်ာက္ရမွန္းမသိတဲ့အခ်ိန္၊လမ္းေပ်ာက္ေနတဲ့အခ်ိန္မွာ ထိုအိပ္မက္မ်ိဳး မက္ေလ့ရွိပါတယ္။ေတာအုပ္လိုမ်ိဳးေနရာမွာ မ်က္စိလည္လမ္းေပ်ာက္ေနတာမ်ိဳးေတြ၊ ဝကၤပါလိုအေဆာက္အအုံႀကီးထဲမွာ တစ္ေယာက္ထဲ ပိတ္မိေနတာမ်ိဳးေတြ မက္တာေတြက တကယ့္လက္ေတြ႕ဘဝမွာ စိတ္ပိုင္းဆိုင္ရာ၊႐ုပ္ပိုင္းဆိုင္ရာ၊ေငြေၾကးပိုင္းဆိုင္ရာေတြနဲ႕ ပတ္သက္ၿပီး စိတ္ပူပန္ေနတဲ့သူေတြပဲျဖစ္ပါတယ္။

၂။လြဲေခ်ာ္မႈမ်ားျဖစ္ျခင္း

အိပ္မက္ထဲမွာ ဘတ္စ္ကားတို႔၊ရထားတို႔၊ေလယာဥ္ပ်ံတို႔ကို စကၠန႔္ပိုင္းေလးတင္ လြဲသြားတာမ်ိဳးျဖစ္ဖူးၾကမယ္ထင္ပါတယ္။ တခ်ိဳ႕က်ေတာ့လဲ အေရးႀကီးတဲ့ပြဲေတြ၊ အင္တာဗ်ဴးေတြေနာက္က်သြားတာမ်ိဳးမက္တတ္ၾကပါတယ္။ တကယ့္လက္ေတြ႕ဘဝမွာ ကိုယ္လိုခ်င္တာမရလိုက္တာမ်ိဳး၊တစ္ခုခုကိုေနာင္တရသြားတာမ်ိဳး၊အလုပ္လုပ္တဲ့အခါမွာခြၽတ္ယြင္းမႈေတြျဖစ္တဲ့အခ်ိန္မွာ အိပ္မက္အေနနဲ႕စိတ္စြဲၿပီးမက္ေလ့ရွိပါတယ္။

၃။ကား ျပႆနာမ်ားျဖစ္ပြားျခင္း

အိပ္မက္ထဲမွာကားဘီးေပါက္တာတို႔၊ဘရိတ္
ေပါက္တာတို႔၊ တာယာျပားသြားတာမ်ိဳးေတြ၊ ႐ုတ္တရက္ကားတိုက္ခံရတာမ်ိဳးေတြျဖစ္ဖူးၾကတယ္လို႔ လူေတာ္ေတာ္မ်ားမ်ားေျပာတာကိုလဲၾကားဖူးပါတယ္။
တစ္ခုခုကိုထိန္းခ်ဳပ္ဖို႔ခက္ခဲတဲ့သူေတြက အဲ့လိုမ်ိဳးအိပ္မက္ကိုပိုၿပီးမက္ေလ့ရွိပါတယ္တဲ့။ 

၄။စာေမးပြဲက်ျခင္း

ဒါကေတာ့လူငယ္ေတာ္ေတာ္မ်ားမ်ားမက္ေလ့မက္ထရွိၾကတဲ့အိပ္မက္မ်ိဳးေပါ့ေနာ္ 
စာေမးပြဲခန္းကိုရွာမေတြ႕တာ၊ဘာစာမွမလုပ္ဘဲသြားေျဖတာ၊စာေမးပြဲေျဖဖို႔ပစၥည္းေတြက်န္ခဲ့တာတို႔မက္တာက အျပင္မွာ တစ္ခုခုကိုစိတ္ပူပန္လြန္းေနတာေၾကာင့္မက္တာျဖစ္ပါတယ္။

၅။အေနာက္မွလိုက္ဖမ္းခံရျခင္း

ဒီအိပ္မက္ကိုလဲ ဘဝမွာအရမ္း
စိုးရိမ္တတ္တဲ့သူေတြပိုမက္ေလ့ရွိၾကပါတယ္။  လူ၊တိရစ္ဆာန္ ဒါမွမဟုတ္ မသဲကြဲတဲ့အရာတစ္ခုကအေနာက္ကေနေျပးလိုက္လာေနတယ္လို႔မက္တဲ့သူေတြက ဘဝမွာျပႆနာေတြကေန႐ုန္းထြက္ေနၾကတဲ့သူေတြ ျပႆနာကို ရင္မဆိုင္နိုင္တဲ့သူေတြကစိတ္စြဲၿပီးအိပ္မက္ထဲမွာပါအေနာက္ကေနလိုက္ေနတာမ်ိဳးမက္ၾကတာပါ။

၆။သြားမ်ားယိုယြင္းပ်က္စီးျခင္း

အိပ္မက္ထဲမွာသြားက်ိဳးတာမ်ိဳး၊သြားေတြကြၽတ္က်သြားတာမ်ိဳး၊သြားေတြမရွိေတာ့တာမ်ိဳး မက္ဖူးပါသလား?
သင္က သင့္ရဲ႕ဘဝမွာ တစ္ခုခုကိုစိတ္မလုံတာ ဥပမာ-ေက်ာင္း၊အလုပ္ေနရာ၊ခ်စ္သူရည္းစားၾကားမွာ ကိုယ့္,ကိုယ္ကို မေတာ္ဘူး၊မလွဘူးအဲ့လိုသိမ္ငယ္မႈေတြကိုစြဲၿပီး မက္ၾကတာျဖစ္ၿပီး အျခားသူေတြရဲ႕ေလွာင္ေျပာင္တာေတြကိုမခံစားနိုင္တဲ့သူေတြကလဲ ဒီလိုအိပ္မက္မ်ိဳးမက္တတ္ၾကပါတယ္။

၇။ပြုတ်ကျခြင်း(သို႔) နစ္ျမဳပ္ျခင္း

ျမင့္လြန္းတဲ့အေဆာက္အအုံကေနျပဳတ္က်တာ၊သမုဒၵရာေတြထဲေရနစ္ေနတာကိုမက္တဲ့သူေတြက  ကိုယ့္ကိုကိုယ္အကူညီမဲ့တယ္လို႔ ခံစားရတဲ့အခ်ိန္မွာမက္တတ္ၾကပါတယ္။လူေတာ္ေတာ္မ်ားမ်ားကအဲ့လိုမက္တာဟာ အသက္အႏၱရာယ္က်ေရာက္ေတာ့မယ္ဆိုၿပီးအယူအဆမွားတတ္ၾကပါတယ္။ တကယ့္တကယ္အဲ့အိပ္မက္ရဲ႕အဓိပၸာယ္က သင္ကဘဝမွာက်ဆဳံးမွာကို ေၾကာက္႐ြံ႕ေနတတ္သူလဲျဖစ္ပါတယ္တဲ့။ဒါေၾကာင့္မို႔ ဘဝမွာ က်ဆဳံးမႈကိုေတြးေတာမေနဘဲ ရဲရဲဝံ့ဝံ့လုပ္ဖို႔သာအေရးႀကီးပါတယ္ေနာ္။

သင္ေရာဘယ္အမ်ိဳးအစားထဲမွာပါလဲဆိုတာဆန္းစစ္ၾကည့္ပါေနာ့္😍

By Oliva
-Psycho2Go

#HarrietEmma 's #harriet #emma #dream #human #knowledge #blog

No comments:

Post a Comment

Best App to learn Chinese

✨4 Reasons Why you should learn Mandarin ✨ (၁)တရုတ်ဘာသာစကားကကမ္ဘာပေါ်မှာအပြောများဆုံးဘာသာစကားဖြစ်ပါတယ် infoplease.com အရ ကမ္ဘာ့လူဦးရေရဲ့ 1...